နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ကိုယ်ရေးအကျဉ်း


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ကိုယ်ရေးအကျဉ်း
အမည် |
|
ဦးဝင်းမြင့် |
မွေးသက္ကရာဇ် |
|
၈-၁၁-၁၉၅၁ |
လူမျိုး၊ ဘာသာ |
|
ဗမာ၊ ဗုဒ္ဓ |
ယခင်အလုပ်အကိုင် |
|
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ |
ပညာအရည်အချင်း |
|
B. Sc (Geology), H.G.P,R.L |
ရွေးကောက်ခံရသည့်လွှတ်တော် |
|
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် |
ပါတီအမည် |
|
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ |
အဖအမည် |
|
ဦးထွန်းကြင် |
လွှတ်တော်အမတ်အဖြစ် စတင်ထမ်းဆောင်သည့်နေ့ရက် |
|
၁.၁.၂၀၁၆ |
လိပ်စာ |
|
အမှတ်(၃၄/၆ လွှာ)၊ မဂ္ဂင်လမ်း၊ ကျားကွက်သစ်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။ |
ကိုယ်ရေးအကျဉ်း |
|
ဓနုဖြူမြို့နယ် ညောင်ချောင်းကျေးရွာ မူလတန်းကျောင်း၊ ဓနုဖြူမြို့ အထက်တန်းကျောင်း၊ ပုသိမ်မြို့ အမှတ်(၆) အထက်တန်းကျောင်းတို့တွင် အခြေခံပညာသင်ယူခဲ့ပြီး ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၌ ဆက်လက်ပညာ သင်ယူ ခဲ့ရာ B. Sc ဘွဲ့ကို ရရှိခဲ့ပါသည်။ ထို့အပြင် H.G.P,R.L များကို ထပ်မံရရှိခဲ့ပါသည်။ အမှတ်-ခ/၇၊ ကုသိနာရုံ ရပ်ကွက်၊ ပုသိမ်မြို့၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် အမှတ်-၁၄၊ မဟာဗန္ဓုလလမ်း၊ (၉) ရပ်ကွက်၊ ဓနုဖြူမြို့၊ ဧရာဝတီ တိုင်းဒေသကြီးတို့တွင် အထက်တန်းရှေ့နေ၊ တရားလွှတ်တော် ရှေ့နေတာဝန်များ ထမ်းဆောင်ခဲ့ပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တွင် ဓနုဖြူမြို့နယ် စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဧရာဝတီတိုင်း စည်းရုံးရေးအဖွဲ့ အတွင်းရေးမှူး၊ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တို့အဖြစ် ဆောင်ရွက်ခဲ့ပါသည်။ |