အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီပြင်ဆင်ဖွဲ့စည်းခြင်း(နိုင်ငံတော်သမ္မတရုံး၊ ကြေညာချက်အမှတ်၊ ၂ /၂၀၁၈)

Printer-friendly versionSend by email

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

ကြေညာချက်အမှတ်၊ ၂ /၂၀၁၈

၁၃၇၉ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်

(၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်)

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီပြင်ဆင်ဖွဲ့စည်းခြင်း

 

၁။      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၁၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ“အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ”ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းလိုက်သည် -

 


 

(က)

ဦးဝင်းမြင့်     

နိုင်ငံတော်သမ္မတ

 

( ခ)

ဦးမြင့်ဆွေ     

ဒုတိယသမ္မတ

 

( ဂ)

ဦးဟင်နရီဗန်ထီးယူ  

ဒုတိယသမ္မတ

 

(ဃ)

ဦးတီခွန်မြတ် 

ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်

 

( င)

မန်းဝင်းခိုင်သန်း       

ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်

 

( စ)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

 

(ဆ)

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်

 

( ဇ)

ဒေါ်အောင်ဆန်းစုကြည်       

ပြည်ထောင်စုဝန်ကြီး

နိုင်ငံခြားရေးဝန်ကြီးဌာန

 

( ဈ)

ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ         

ပြည်ထောင်စုဝန်ကြီး

ပြည်ထဲရေးဝန်ကြီးဌာန

 

(ည)

ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း

ပြည်ထောင်စုဝန်ကြီး

ကာကွယ်ရေးဝန်ကြီးဌာန

 

( ဋ)

ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် 

ပြည်ထောင်စုဝန်ကြီး

နယ်စပ်ရေးရာဝန်ကြီးဌာန

                            

၂။      ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းရေးမှူးသည် ရာထူးအလျောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူးဖြစ်သည်။

 

 

                                    (ပုံ) ဝင်းမြင့်                                                      

                                           နိုင်ငံတော်သမ္မတ                                                

                            ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်