မြန်မာနိုင်ငံနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၆၅) နှစ်မြောက် အခါသမယတွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့


မြန်မာနိုင်ငံနှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၆၅) နှစ်မြောက် အခါသမယတွင် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပြန်အလှန်ပေးပို့
နေပြည်တော် ဇူလိုင် ၁၂
၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၆၅) နှစ်မြောက် အခါသမယတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် လာအိုနိုင်ငံ သမ္မတ မစ္စတာ ဘွန်ညံ ဗိုရာချစ် တို့သည်လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လာအိုနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်း ဆီဆုလစ် တို့သည် လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီး အပြန်အလှန် ပေးပို့ခဲ့ကြသည်။