အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Printer-friendly versionSend by email

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း



၁။ နိုင်ငံတော်သမ္မတရုံး၊ သတင်းနှင့်လုံခြုံ‌ရေးဆိုင်ရာဌာနကြီး၊ e-Government ဌာနတွင် ICT System များဖြစ်သော e-Office၊ e-mail နှင့် Messenger တို့အတွက် မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။



၂။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-



(က) တင်ဒါလျှောက်လွှာ စတင်ရောင်းချမည့်ရက် - ၂၀-၁၁-၂၀၂၀ ရက်(သောကြာနေ့)

(ခ) တင်ဒါလျှောက်လွှာ အရောင်းပိတ်မည့်ရက် - ၁၈-၁၂-၂၀၂၀ ရက်(သောကြာနေ့)

(ဂ) တင်ဒါလျှောက်လွှာ ရောင်းချမည့်နေရာ - ရုံးအမှတ် (၁၈)၊ နေပြည်တော်

(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - ရုံးအမှတ် (၁၈)၊ နေပြည်တော်

(င) တင်ဒါလျှောက်လွှာ နောက်ဆုံးလက်ခံမည့် ရက်နှင့် အချိန် - ၂၁-၁၂-၂၀၂၀ ရက်(တနင်္လာနေ့) မွန်းလွဲ ၁၃:၀၀ နာရီ

(စ) တင်ဒါဖွင့်ဖောက်မည့်ရက်နှင့် အချိန် - ၂၁-၁၂-၂၀၂၀ ရက်(တနင်္လာနေ့) မွန်းလွဲ ၁၃:၃၀ နာရီ



၃။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း- ၀၆၇- ၃၄၀၉၁၁၆ နှင့် ၀၆၇- ၃၄၀၉၅၉၂ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။



တင်ဒါကော်မတီ

နိုင်ငံတော်သမ္မတရုံး

ရုံးအမှတ် (၁၈)၊ နေပြည်တော်