ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၅၄/၂၀၂၀ ၁၃၈၁ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် (၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်)


နယ်နိမိတ် တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ အာဏာတည်သည့်
နေ့ရက် သတ်မှတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာအမှတ်၊ ၅၄/၂၀၂၀
၁၃၈၁ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်
(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၁ ရက်)
နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ
အာဏာတည်သည့်နေ့ရက်သတ်မှတ်ခြင်း
နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေသည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက် (၁၃၈၁ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်)နေ့တွင် စတင်အာဏာ တည်ကြောင်း ယင်းဥပဒေပုဒ်မ ၂ အရ သတ်မှတ်လိုက်သည်။
(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်