ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ ၈၃/၂၀၂၀


သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှုဥပဒေ အာဏာတည်သည့် နေ့ရက်သတ်မှတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာအမှတ်၊ ၈၃/၂၀၂၀
၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၂ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်)
သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေ အာဏာတည်သည့် နေ့ရက်သတ်မှတ်ခြင်း
၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၅ ဖြင့် ပြဋ္ဌာန်းခဲ့သော သွင်းကုန်ပမာဏမြင့်တက်ခြင်းမှ ကာကွယ်ပေးမှု ဥပဒေသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်လိုက်သည်။
(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်