ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၄၆ / ၂၀၁၈ ရှမ်းပြည်နယ်ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်အမှတ်၊ ၄၆ / ၂၀၁၈
၁၃၈၀ ပြည့်နှစ်၊ နတ်တော်လဆန်း ၁၀ ရက်
(၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်)
ရှမ်းပြည်နယ်ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂၊ ပုဒ်မခွဲ(စ)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဆ)တို့ပါ ပြဋ္ဌာန်းချက်များအရ အောက်ပါ ရှမ်းပြည်နယ်ဝန်ကြီးများကို ယှဉ်တွဲပါဝန်ကြီးဌာနအသီးသီးတွင် ပြောင်းလဲတာဝန် ပေးလိုက်သည်-
(၁) ဦးစိုင်းရှဲန်တစ်လုံ လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန
(၂) ဦးစိုးညွန့်လွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်