ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပုံမှန်ဝင်ငွေမရှိသောအခြေခံအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်



ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပုံမှန်ဝင်ငွေမရှိသောအခြေခံအိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်
စစ်တွေ နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပုံမှန်ဝင်ငွေမရှိ သည့် အခြေခံအိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ငွေကျပ် ၄၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို သွားရောက်ပေးအပ်ခဲ့သည်။
စစ်တွေခရိုင်တွင် အခြေခံအိမ်ထောင်စု ၉၁၂၂၆ စုရှိပြီး ထောက်ပံ့ငွေကျပ် ၃၆၄၉၀၄၀၀၀၀၊ မြောက်ဦးခရိုင်အတွင်း အခြေခံအိမ်ထောင်စု ၈၇၇၀၃ စုအတွက် ထောက်ပံ့ငွေ ကျပ် ၃၅၀၈၁၂၀၀၀၀၊ မောင်တောခရိုင်အတွင်း အခြေခံ အိမ်ထောင်စု ၂၈၀၆၁ စုအတွက် ထောက်ပံ့ငွေကျပ် ၁၁၂၂၄၄၀၀၀၀၊ ကျောက်ဖြူခရိုင်အတွင်းရှိ အခြေခံ လူတန်းစားအိမ်ထောင်စု ၃၈၂၆၄ စု အတွက် ထောက်ပံ့ ငွေကျပ် ၁၅၃၀၅၆၀၀၀၀ နှင့် သံတွဲခရိုင်အတွင်း အခြေခံအိမ်ထောင်စု ၅၇၈၀၉ စုအတွက် ထောက်ပံ့ ငွေကျပ် ၂၃၁၂၃၆၀၀၀၀ တို့ကို ခရိုင်/မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအုပ်စု စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ မှတစ်ဆင့် ဆက်လက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း အခြေခံ အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်အဖြစ် နိုင်ငံတော်အစိုးရမှ ထောက်ပံ့မှုအနေဖြင့် ငွေကျပ် ၁၂၁၂၂၅၂၀၀၀၀ အား ပြည်နယ်အတွင်း မြို့နယ်အားလုံးရှိ အခြေခံအိမ်ထောင်စု ၃၀၃၀၆၃ စုအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၄၀၀၀ဝ နှုန်းဖြင့် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။