နောင်ချိုနှင့် နမ္မတူမြို့နယ်များတွင် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိ

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၃

KIA၊ TNLA၊ MNDAA လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ်မှ စစ်ဘေး ရှောင်ပြည်သူများသည် နောင်ချိုမြို့နယ်နှင့် နမ္မတူမြို့နယ် များရှိ ဘာသာ ရေးကျောင်းများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။

KIA၊ TNLA၊ MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့များ၏ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဒီဇင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် မန်တုံမြို့နယ် မော်ထိုက်ရွာ၊ ကုန်းမုံရွာ၊ နမ့်ဟူးရွာနှင့် မန့်ငေါင်ရွာတို့မှ စုစုပေါင်း အိမ်ထောင်စု ၁၀  စုမှ လူဦးရေ ၃၁ ဦး တို့သည် နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာ ဘုန်းကြီး ကျောင်းသို့ ပြောင်းရွှေ့နေထိုင်လျက် ရှိသည်။

ထို့အတူ မန်တုံမြို့နယ် နမ့်ဟိုင်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KIA၊ TNLA၊ MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့တို့ ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် နမ္မတူမြို့ရှိ ရွှေမြင်သာ ဘုန်းကြီးကျောင်းတွင် ၁၃၅ ဦး၊ လီဆူးဘုရားကျောင်းတွင် ၃၄ ဦး၊ ကချင်နှစ်ခြင်းဘုရားကျောင်းတွင် ၂၄၆ ဦး စုစုပေါင်း ၄၁၅ ဦးတို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။