လက်နက်ကိုင်အဖွဲ့များထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ခြောက်လုံးတွေ့ရှိ အထူးမိုင်းရှင်းလင်းအဖွဲ့က ရှင်းလင်း

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီ - ကွတ်ခိုင်အကြား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၁၄) အနီး တံတားအောက် ရေပြွန်အတွင်း လက်နက်ကိုင်အဖွဲ့များ ထောင်ထားသော ဒေသန္တရလက်လုပ်မိုင်း ခြောက်လုံး အား တပ်မတော်စစ်ကြောင်း အထူးမိုင်းရှင်းလင်းရေးအဖွဲ့က ရှင်းလင်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

သိန်းနီ-ကွတ်ခိုင်အကြား တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ယနေ့ညနေ ၃ နာရီခန့်တွင် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၁၄)အနီး တံတားအောက် ရေပြွန် အတွင်း လက်နက်ကိုင် အဖွဲ့ကထောင်ထားသော ဒေသန္တရ လက်လုပ်မိုင်း ခြောက်လုံးအား တွေ့ရှိသဖြင့် အထူး မိုင်းရှင်းလင်းရေးအဖွဲ့များဖြင့် ရှင်းလင်းခဲ့ကြောင်းသိရသည်။

အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင် ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။