မုံးကိုးမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းဆောင်ရွက်၊ လက်နက်များနှင့်ခဲယမ်းများ သိမ်းဆည်းရမိ

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံးကိုးမြို့ အတွင်း တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းလျက်ရှိရာ လက်နက်က်ိုင်ပူးပေါင်းအဖွဲ့များ၏ လက်နက်၊ ခဲယမ်းများ ရှာဖွေသိမ်းဆည်းရမိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ထားသည်။

မုံးကိုးမြို့သို့ ယမန်နေ့ညနေပိုင်းက စစ်ကူရောက်ရှိခဲ့သည့် တပ်မတော် စစ်ကြောင်းများသည် မုံးကိုးမြို့ လုံခြုံမှု နှင့် တည်ငြိမ်အေးချမ်းမှုရှိစေရန် နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို နေ့ညမပြတ် ဆောင်ရွက် လျက်ရှိရာ ယနေ့တွင် မုံးကိုးမြို့ အမှတ်(၂) ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ဝင်ရောက်ရှင်းလင်းစဉ် လက်နက်ကိုင် ပူးပေါင်းအဖွဲ့များ ဆုတ်ခွာထွက် ပြေးရာမှ ကျန်ရစ်ခဲ့သည့် PRG တစ်လက်၊ အမ် ၂၂ သေနတ် သုံးလက်၊ ကျည်အိမ်မျိုးစုံ ၁၄ ခု၊ လက်ပစ်ဗုံး ခြောက်လုံးနှင့် မိုင်း တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများ မုံးကိုး မြို့သို့ စစ်ကူရောက်ရှိခဲ့ပြီး မြို့အတွင်း နှင့် အနီးပတ်ဝန်းကျင်အား နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ ဒီဇင်ဘာ ၄ ရက်မှ ယနေ့အထိ လက်နက်မျိုးစုံ ၂၂ လက်၊ ကျည်မျိုးစုံ အတောင့် ၃၀၀၊ ကျည်အိမ်မျိုးစုံ ၁၄ ခု၊ လက်ပစ်ဗုံးခြောက်လုံး၊ မိုင်းတစ်လုံး ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ ကြောင်းနှင့် အလောင်းများလည်းတွေ့ရှိရကြောင်း သတင်းရရှိသည်။