လောက်ကိုင်မြို့နယ် တာရွှေထန်ဂိတ်၌ ဒေသန္တရမိုင်းပြုလုပ်သည့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လောက်ကိုင်မြို့နယ် တာရွှေထန်ဂိတ်၌ ယမန်နေ့ မွန်းလွဲပိုင်းက ဆိုင်ကယ် တစ်စီးအား ရပ်တန့်စစ်ဆေးစဉ် ဒေသန္တရမိုင်းပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

လောက်ကိုင်မြို့နယ် တာရွှေထန်အဝင်ဂိတ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က လုံခြုံရေး တပ်ဖွဲ့ဝင် များသည် နမ့်ကော်ရွာမှ လောက်ကိုင်မြို့ ဘက်သို့ ဦးလီကောင်းအမ်း မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးစဉ် တူးဘောက်အတွင်းမှ ဒေသန္တရအဝေးထိန်းမိုင်း ပြုလုပ်ရာတွင်အသုံးပြု သည့် ဆက်စပ်ပစ္စည်းများ နှင့် ဓာတ်ခဲတစ်လုံးအား သိမ်းဆည်းရမိခဲ့သဖြင့် လက်နက်ကိုင်ပူးပေါင်းအဖွဲ့များနှင့် ပတ်သက်မှု ရှိ၊ မရှိ စစ်ဆေးနိုင်ရန်နှင့် ဥပဒေနှင့်အညီ အရေးယူ နိုင်ရန် တာရွှေထန်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ ကြောင်း သတင်းရရှိသည်။