စစ်ဘေးရှောင်ပြည်သူများအား စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၅

မူဆယ်မြို့ပေါ်ရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန်ဘုရား ကျောင်းများသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်ပြည်သူများအား တာဝန်ရှိသူများက စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း န်ိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်း ထုတ်ပြန် ထားသည်။

KIA၊ TNLA၊ MNDAAလက်နက်ကိုင်ပူးပေါင်းအဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ယမန်နေ့ မွန်းတည့် ၁၂ နာရီအထိ မူဆယ်မြို့ စွမ်စော် ရပ်ကွက်ရှိ အောင်မင်္ဂလာကျောင်းတွင် ၄၆ ဦး၊ ကချင်ဘုရားကျောင်းတွင် ၁၃၈ ဦး၊ နမ့်ခွမ်ရွာ ဘုန်းတော်ကြီးကျောင်းတွင် သံဃာ ရှစ်ပါး၊ စိန့်ပီတာ ဘုရားကျောင်းတွင် ၄၅ ဦး၊ အထက (၂) ဟိုမွန်တွင် ၁၃၈ ဦးနှင့် အမက (၄) ဟိုမွန်တွင် ငါးဦး စုစုပေါင်း ၃၈၀ တို့ စစ်ဘေးရှောင်ရောက်ရှိလျက်ရှိပြီး တာဝန်ရှိသူများက စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့နံနက်ပိုင်းကလည်း မူဆယ်ခရိုင်^မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဝင်များသည် မုံးကိုးမြို့မှ စစ်ဘေး တိမ်းရှောင်လာသည့် ဝန်ထမ်း တစ်ဦး၊ ပြည်သူ ၁၀ ဦး စုစုပေါင်း ၁၁ ဦး တို့အား မူဆယ်မြို့ နန်းတော်ဂိတ်တွင် သွားရောက်ကြိုဆိုခဲ့ပြီး ၎င်းတို့၏နေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။