သီပေါမြို့နှင့် မန်တုံမြို့နယ်တို့သို့ စစ်ဘေးရှောင်ပြည်သူများ ထပ်မံရောက်ရှိ

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၇

သီပေါမြို့နှင့် မန်တုံမြို့နယ်တို့ရှိ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းများသို့ ဒီဇင်ဘာ ၆ ရက် အထိ စစ်ဘေးရှောင်ပြည်သူများ ထပ်မံရောက်ရှိလာကြရာ သီပေါမြို့မန်တောင်းကျေးရွာ အခြေခံမူလတန်း ကျောင်း(ခွဲ)၌အိမ်ထောင်စု ၃၅ စုမှ လူဦးရေ ၁၂၀ စစ်ဘေးရှောင်ရောက်ရှိပြီး မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက ငွေကျပ် ၁၉၀၀၀၀နှင့် စားသောက်ကုန်မျိုးစုံ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

 

ထို့ပြင် မန်တုံမြို့နယ် မော်ထိုက်၊ နားလေ၊ နမ့်ဟူနှင့် နမ့်ဟိုင်းကျေးရွာတို့မှ စစ်ဘေးရှောင်ပြည်သူ များသည် နမ္မတူမြို့သို့ရောက်ရှိလာပြီး ရွှေမြင်သာဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု ခုနစ်စုမှ လူဦးရေ ၁၈ ဦး၊ လီဆူဘုရားကျောင်းတွင် အိ်မ်ထောင်စု တစ်စုမှ လူဦးရေ နှစ်ဦး၊ ရိုမန်ကက်သလစ် ဘုရားကျောင်းတွင် အိမ်ထောင်စုတစ်စုမှ လူဦးရေသုံးဦးနှင့် ကချင်နှစ်ခြင်းကျောင်းတွင် အိမ်ထောင်စု နှစ်စုမှ လူဦးရေ ခုနစ်ဦးတို့ စစ်ဘေးရှောင်ရောက်ရှိလျက်ရှိကြောင်း သိရှိရသည်။