နမ့်ခမ်းမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းအား TNLA အကြမ်းဖက်သောင်းကျန်သူများက နှောင့်ယှက် ပစ်ခတ်

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းအား ယမန်နေ့ညပိုင်းက TNLA လက်နက်ကိုင်အဖွဲ့က နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ထားသည်။

 

နမ့်ခမ်းမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းအခြေပြုသည့်နေရာအား ဒီဇင်ဘာ ၆ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က TNLA လက်နက်ကိုင်အဖွဲ့အင်အား၁၅ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်သဖြင့် တပ်မတော်စစ်ကြောင်းများက ပြန်လည်ပစ်ခတ်တိုက်ခိုက်ရာ ၎င်း လက်နက်ကိုင်အဖွဲ့သည် အရှေ့ဘက်သို့ဆုတ်ခွာသွားကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။