အမျိုးသားနှစ်ဦးအား KIA လက်နက်ကိုင်အဖွဲ့က လူသစ်စုဆောင်းရန် အဓမ္မဖမ်းဆီးခေါ်ဆောင်

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၈

 

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့တွင်နေထိုင်သူ အမျိုးသားနှစ်ဦးအား ယမန်နေ့ နံနက်ပိုင်းက KIA လက်နက်ကိုင်အဖွဲ့က လူသစ်စုဆောင်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်မှာ အင်ဂျန်းယန်မြို့တွင်နေထိုင်သူ အမျိုးသားနှစ်ဦးမှာ ဒီဇင်ဘာ ၇ ရက် နံနက် ၈ နာရီခွဲက တောင်ယာလုပ်ကိုင်ရန်အတွက် နေအိမ်မှထွက်ခွာလာစဉ် KIA လက်နက်ကိုင်အဖွဲ့က လူသစ် စုဆောင်းရန်အတွက်အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။