ရဲတပ်ဖွဲ့ဝင်များ၏ရုပ်အလောင်းများ ထပ်မံတွေ့ရှိ

Printer-friendly versionSend by email

နေပြည်တော် ဒီဇင်ဘာ ၈

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) မုံးကိုးဒေသတိုက်ပွဲ ဖြစ်စဉ်များအတွင်း ရဲတပ်ဖွဲ့ဝင်၁၆ ဦးပျောက်ဆုံး ခဲ့ပြီး ဒီဇင်ဘာ ၇ ရက်အထိ အသက်ရှင်လျက်ပြန်တွေ့သူလေးဦး၊ ကျဆုံးသူ ကိုးဦးနှင့် ပျောက်ဆုံး ဆဲသုံးဦး ဖြစ်ကြောင်း သိရသည်။

 

မုံးကိုးနယ်မြေအတွင်း တပ်မတော်စစ်ကြောင်းများက အသေးစိတ်နယ်မြေရှင်းလင်းစဉ် ယနေ့ နံနက် ၉ နာရီခန့်တွင်စာသင်ကျောင်းနှင့် ရဲစခန်းကြားရှိ ချုံစပ်အနီးတွင် သေနတ်ဒဏ်ရာများ ဖြင့်သေဆုံးနေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး၏ ရုပ်အလောင်းများ ထပ်မံတွေ့ရှိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။