ကွတ်ခိုင်မြို့နယ်တွင် အမှိုက်ပုံမှ ရှေ့ထွက်မိုင်း (၅) လုံးနှင့် ဆက်စပ်ပစ္စည်းများတွေ့ရှိ သက်မဲ့ပြုလုပ်၍ သိမ်းဆည်းရမိ

Printer-friendly versionSend by email

ဖေဖော်ဝါရီ ၆၊၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်တွင် အမှိုက်ပုံမှ ရှေ့ထွက်မိုင်း (၅) လုံးနှင့် ဆက်စပ် ပစ္စည်းများကို ဖေဖော်ဝါရီ ၅ ရက် နံနက် (၉) နာရီတွင် တွေ့ရှိခဲ့၍ သက်မဲ့လုပ်၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့ အရှေ့ဘက် (၃) မိုင်ခန့်အကွာရှိ နမ့်ဟူးလုံကျေးရွာ အတွက် အမှိုက်ပုံ၌ မသင်္ကာဖွယ် စက္ကူပုံးတစ်ခုတွေ့ရှိကြောင်း သတင်းအရ ကွတ်ခိုင်မြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း အဖွဲ့တို့သည် သွားရောက်ရှင်းလင်းခဲ့ရာ ဘီယာဖာအခွံအတွင်းမှ အလျား (၆) လက်မ၊အနံ(၃)လက်မခန့်ရှိ ရှေ့ထွက်မိုင်း (၅) လုံး၊ဒီတိုနေတာ (၅) ခု၊ ဆားကတ် အုံ (၅) ခုနှင့် ရီမု (၁) ခု တို့အား တွေ့ရှိသဖြင့် သက်မဲ့ ပြုလုပ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)