ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် သံအမတ်ကြီး များနှင့် သံတမန်များ မိတ်ဆက်တွေ့ဆုံ

Printer-friendly versionSend by email

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံ အခြေစိုက်သံရုံးမျာမှ သံအမတ်ကြီးများနှင့် သံတမန်များ မိတ်ဆက်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်း က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဋ္ဌာန (NRPC) ရုံးတွင်ကျင်းပသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ အပါအဝင် ၆၀ ခန့် တက်ရောက်ကြသည်။

ပြည်တွင်း ပြည်ပ အန္တရာယ်များ နှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့အား မဟာဗျူဟာရှုထောင့်မှ လေ့လာသုံးသပ် အကြံပြုနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ရာထူးကို ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်ပြီး ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၈/၂၀၁၆) က သဘောတူ ဆုံးဖြတ်ချက်အရ ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဦးသောင်းထွန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၀ ရက်က ခန့်အပ် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။