မူဆယ်မြို့နယ်၌ ဒေသန္တရလက်လုပ်မိုင်း ၃ လုံးတွေ့ရှိ



ဖေဖော်ဝါရီ ၁၈၊၂၀၁၇
မူဆယ်မြို့နယ်၊ နမ့်အွန်ကျေးရွာအနီး မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမ ကြီး မိုင်တိုင် ၂၆၄/၄ ကြား သင်္ချိုင်းအနီး ချုံစပ်၌ အမြင့် ၆လက်မ၊ လုံးပတ် ၉လက်မ၊ သံဘူး အတွင်း ယမ်းမှုန့်ထည့်ထားသော ဒေသန္တရ လက်လုပ်မိုင်း ၃လုံး၊ အရှည် ၃လက်မခန့် စနက်တံ၃ချောင်း၊ (ဝါယာကြိုး တပ်လျက်)၊ အရှည် ၂ပေခန့်ရှိ ဝါယာကြိုး ၅ချောင်း၊ အလျား/အနံ ၂လက်မခန့်ရှိ ကော်ဘက်ထရီပတ် ၁ခုတို့အား တွေ့ရှိခဲ့သည်။
အဆိုပါ မိုင်းများအား နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက စနစ်တကျ ဖောက်ခွဲဖျက်စီးခဲ့ကြောင်း သိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)