မိုးမိတ်မြို့၌ မိုင်းပေါက်ကွဲ၍ အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦး ဒဏ်ရာရရှိ

Printer-friendly versionSend by email

ဖေဖော်ဝါရီ၂၇ ၊၂၀၁၇

ဖေဖော်ဝါရီ ၂၅ ရက်မွန်းတည့်အချိန်တွင် မိုးမိတ်မြို့နယ် အရှေ့တောင်ဖက် ၂၅ မိုင်ခန့်အကွာတွင် TNLA လက်နက်ကိုင်များ ထောင်ထားသည့် တိုက်မိုင်းတစ်လုံး၏ ကြိုးအား အပြစ်မဲ့ အရပ်သား ပြည်သူ ၁ ဦးမှ တိုက်မိပြီး ပေါက်ကွဲခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူမှာ ဦးလထော်ဂမ် ဖြစ်ပြီး ဟင်ခုတ်ကျေးရွာ ၏ တောင်ဖက်နှစ်မိုင် နှစ်ဖာလုံခန့်အကွာသို့ ထင်းခုတ်သွားစဉ် TNLA လက်နက်ကိုင်များ ထောင်ထားသည့် တိုက်မိုင်းအား တိုက်မိရာမှ ပေါက်ကွဲမှုကြောင့် ညာဖက် ခြေထောက် ကျိုးခဲ့ကာ ဘယ်ဘက်ခြေထောက်နှင့် မျက်စိတို့တွင် မိုင်းစများ ထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် မိုးကုတ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။

 

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)