မောင်တောမြို့နယ်အတွင်း နေအိမ်တစ်လုံးနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်မှုဖြစ်ပွား

Printer-friendly versionSend by email

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ဖေဖော်ဝါရီ ၂၇ ရက်တွင် မောင်တောမြို့နယ်၊ ဖားဝပ်ချောင်း (ရွာဟောင်း)နှင့် ၄ မိုင် ရပ်ကွက်တို့တွင် နေအိမ်တစ်လုံးနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၃ နာရီတွင် မောင်တောမြို့နယ်၊ ဖားဝပ်ချောင်း (ရွာဟောင်း) ကျေးရွာနေ အာန်တာဟူဆောင်း ၏ နေအိမ် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၂ လုံး၊ ဈေးဆိုင် ၁ ဆိုင် တို့ ပျက်စီးဆုံးရှုံးခဲ့သည်။

ထို့အတူ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် မောင်တောမြို့နယ် ၆ မိုင် စစ်ဆေးရေး စခန်းအနီးရှိ ထီးတစ်ရာဘုန်းကြီးကျောင်းတွင် ဘုရားမီး ပူဇော်ရာမှတစ်ဆင့် ကူးစက်လောင် ကျွမ်းမှုဖြစ်၍ ပျဉ်ကာ၊ ပျဉ်ခင်း သွပ်မိုးကျောင်း ၁ ကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)