KIA/TNLA လက်နက်ကိုင်ပူးပေါင်းအဖွဲ့က လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီး လုံခြုံရေး ဆောင်ရွက်နေသည့် စခန်းငယ်တစ်ခုနှင့် လုံခြုံရေးစခန်းများအား အလစ်အငိုက်တိုက်ခိုက်

Printer-friendly versionSend by email

နေပြည်တော် မတ် ၄

 

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီး လုံခြုံရေးအတွက် တပ်မတော် စစ်ကြောင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များ ပူးပေါင်းအခြေပြုလျက်ရှိသည့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ပန်လော့ စခန်းကို ယနေ့ နံနက် ၄ နာရီ မိနစ် ၄၀ ခန့်တွင် KIA/TNLA  လက်နက်ကိုင် ပူးပေါင်းအဖွဲ့မှ အင်အား ၇၀ ခန့်က စခန်း၏အရှေ့တောင်ဘက်နှင့် တောင်ဘက်မှနေ၍ လက်နက်ကြီး^လက်နက်ငယ်များဖြင့် အလစ်အငိုက် လာရောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်စစ်ကြောင်းနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

 

ဆုတ်ခွာထွက်ပြေး

 

ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ကွတ်ခိုင်မြို့အနီးလှုပ်ရှားနေသည့် တပ်မတော်စစ်ကြောင်းက အဆိုပါစခန်းသို့ သွားရောက် ပူးပေါင်းတိုက်ခိုက်ရာ KIA/TNLA  လက်နက်ကိုင်အဖွဲ့များပြန်လည်ဆုတ်ခွာထွက်ပြေး သွားကြောင်း သိရသည်။

 

တစ်ချိန်တည်းတွင် တပ်မတော်စစ်ကြောင်းများ လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် ရင်ကွဲတောင်စခန်းနှင့် နမ့်ခိုင် တံတားလုံခြုံရေးစခန်းတို့အား KIA/TNLA  လက်နက်ကိုင်ပူးပေါင်းအဖွဲ့မှ အင်အား၁၅ ဦးစီခန့်က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်း က ပြန်လည် တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။

 

ထိခိုက်ဒဏ်ရာရ

 

ဖြစ်စဉ်တွင်ပန်လော့စခန်း၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရပြီး လက်နက်ငယ်အချို့နှင့် ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့သည်။ အဆိုပါ ဖြစ်စဉ်တွင် နမ့်ခိုင်တံတားလုံခြုံရေးစခန်းသို့ KIA/TNLA လက်နက်ကိုင်အဖွဲ့မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်သည်စခန်းပေါ်သို့ကျရောက်ပေါက်ကွဲခြင်းမရှိဘဲ တံတားမြောက်ဘက်ရှိ ဥမငနညအal Hငါ့တပေ ဃသ.ယ Lအိ.မှ အလုပ်သမားများနေထိုင်လျက်ရှိသည့်တဲပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ သုံးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

 

KIA/TNLA  လက်နက်ကိုင်အဖွဲ့များသည် အများပြည်သူ အသုံးပြုလျက်ရှိသော ပြည်ထောင်စုကား လမ်းမကြီး လုံခြုံရေးဆောင်ရွက်နေသည့်စခန်းအား ယခုကဲ့သို့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းသည် နယ်မြေ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် များစွာထိခိုက်စေသဖြင့် တပ်မတော်စစ်ကြောင်း များဖြင့် နယ်မြေရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိသည်။