ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးနှင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ဝ” အထူးဒေသ (၂)နှင့် မိုင်းလားအထူးဒေသ(၄)သို့ ကွင်းဆင်းဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၁၃

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အဖွဲ့ဝင် ဦးအောင်စိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်သောအဖွဲ့သည် ငြိမ်းချမ်းရေးနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရန်အတွက် နိုဝင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် လားရှိုးမြို့သို့ ရောက်ရှိကြသည်။

UNFC အဆိုပြုထားသည့်အချက်များအနက် သဘောတူရန်ကျန်ရှိနေသည့်အချက်များကို ဆွေးနွေးရာ ရလဒ်ကောင်းများ ထွက်ပေါ်၊ နှစ်ဖက် ခေါင်းဆောင်များထံ တင်ပြပြီး ဆက်လက်ဆွေးနွေးမည်

ရန်ကုန် နိုဝင်ဘာ ၉

ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့၏ သတ္တမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ရန်ကုန်ရုံး၌ ဆက်လက်ကျင်းပသည်။

NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက် နိုင်ငံတော်အစိုးရထံသို့ UNFC အဆိုပြုထားသည့် အချက် ကိုးချက်အနက် သဘောတူရန် ကျန်ရှိနေသည့် အချက်များကို သတ္တမအကြိမ် အစည်းအဝေးတွင် ဆက်လက် ဆွေးနွေး

ရန်ကုန်၊ နိုဝင်ဘာ ၈

အစည်းအဝေးတွင် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ငြိမ်းချမ်းရေးဖြစ်စဉ်များသည် တိုးတက်မှုရှိလာကြောင်း၊ယင်းသို့ တိုးတက်လာသည့် ဖြစ်စဉ်များအပေါ် ယနေ့တက်ရောက်လာကြသော နှစ်ဖက်ခေါင်းဆောင်များမှ ကဏ္ဍအလိုက်ဝိုင်းဝန်း ပံ့ပိုးကာနိုင်ငံတော်တိုးတက်ရေးနှင့် နိုင်ငံတစ်ဝန်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ လိုအပ်နေသော ငြိမ်းချမ်းရေးကိုပူးပေါင်းလုပ်ဆောင်ပေးစေလိုကြောင်း၊ အားလုံးစည်းစည်းလုံးလုံးဖြင့် ငြိမ်းချမ်းရေးပန်းတိုင်ခရီး အတွက် ယခုအစည်းအဝေးမှ နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေး အဖြေရှာကာ ငြိမ်းချမ်းရေးပန်းတိုင်ဖြစ်သော NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးကို ကြိုးစားပေးစေလိုကြောင်း ပြောကြားသည်။

နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ အချက်ပေါင်း ၂၁ ချက် တင်ပြဆွေးနွေး

နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ၏ NCA အကောင် အထည်ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ် ခြင်း ဒုတိယနေ့ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံးတွင် ဆက်လက် ကျင်းပသည်။

Pages