လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ
ကြေညာချက်အမှတ် ၊ ၂ / ၂၀၁၇
၁၃၇၈ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်
(၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်)
လုပ်ငန်းကော်မတီများဖွဲ့စည်းခြင်း
၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် အကြောင်းအရာများအပေါ် အခြေခံ၍ စနစ်တကျ စီမံဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီများကို အောက်ပါအတိုင်း ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါသည်-
(က) |
နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ |
(ခ ) |
လူမှုရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ |
(ဂ ) |
စီးပွားရေး ကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ |
(ဃ) |
လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ |
(င ) |
မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ |
၂။ ထိုသို့ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ လုပ်ငန်းကော်မတီတစ်ခုလျှင် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရားဝင် နိုင်ငံရေးပါတီများမှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ကိုယ်စားလှယ် ၄ ဦးစီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ ၊ အတွင်းရေးမှူးအဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၁၅ ဦးစီဖြင့် ဖွဲ့စည်းရန် သဘောတူဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။
၃။ ယခုအခါ သက်ဆိုင်ရာ အစုအဖွဲ့များက လုပ်ငန်းကော်မတီများတွင် တာဝန်ပေးအပ်မည့် ကိုယ်စားလှယ် အမည်စာရင်းများကို ထောက်ခံတင်ပြလာပြီဖြစ်ပါ၍ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ၏ လုပ်ငန်းကော်မတီများကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည်-
(က) |
နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ |
|
||||
|
(၁) |
ဦးခင်ဇော်ဦး |
(တပ်မတော်) |
|
||
|
(၂) |
ဒေါက်တာလျန်မှုန်းဆာခေါင်း |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၃) |
စိုင်းကျော်ညွန့် |
(နိုင်ငံရေးပါတီ) |
|
||
|
(၄) |
ဗိုလ်မှူးချုပ်တင်အောင် |
(တပ်မတော်) |
|
||
|
(၅) |
ဗိုလ်မှူးချုပ်လှသန်းမောင် |
(တပ်မတော်) |
|
||
|
(၆) |
ဦးဌေးဝင်းအောင် |
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) |
|
||
|
(၇) |
ဦးကျော်ကျော်ဟန် |
(ညွှန်ကြားရေးမှူးချုပ် ၊ နိုင်ငံတော်သမ္မတရုံး) |
|
||
|
(၈) |
ဒေါက်တာစိုင်းဦး |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၉) |
စောအယ်ကလူစေး |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၁၀) |
စောစံငြိမ်းသူ |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၁၁) |
စောကူးကူ |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၁၂) |
ဦးဇမ်ဇမုန် |
(နိုင်ငံရေးပါတီ) |
|
||
|
(၁၃) |
စိုင်းဘိုးအောင် |
(နိုင်ငံရေးပါတီ) |
|
||
|
(၁၄) |
ဒေါက်တာတူးဂျာ |
(နိုင်ငံရေးပါတီ) |
|
||
|
(၁၅) |
ဦးအောင်ကြည်ညွှန့် |
(နိုင်ငံရေးပါတီ) |
|
||
(ခ ) |
လူမှုရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ |
|
||||
|
(၁) |
ဦးဇော်ဌေး |
(ခေတ္တညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန) |
|
||
|
(၂) |
ဦးစိုင်းလ |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၃) |
ဦးနိုင်ငံလင်း |
(နိုင်ငံရေးပါတီ) |
|
||
|
(၄) |
ဗိုလ်ချုပ်နေလင်း |
(တပ်မတော်) |
|
||
|
(၅) |
ဒေါ်ဇင်မာအောင် |
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) |
|
||
|
(၆) |
ဦးနိုင်ဆွေဦး |
(ခေတ္တညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတရုံး) |
|
||
|
(၇) |
ဒေါက်တာစန်းစန်းအေး |
(ခေတ္တညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန) |
|
||
|
(၈) |
မိဆူးပွင့် |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၉) |
စောဆဲဗွယ် |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၁၀) |
ခွန်သောမက်စ် |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၁၁) |
နော်စန္ဒာဝိုင်း |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၁၂) |
ဒေါ်အေးသီတာမြင့် |
(နိုင်ငံရေးပါတီ) |
|
||
|
(၁၃) |
ဦးတင်ဆွေ |
(နိုင်ငံရေးပါတီ) |
|
||
|
(၁၄) |
ဦးဆမ်းဆောင်ကား |
(နိုင်ငံရေးပါတီ) |
|
||
|
(၁၅) |
ဦးရွှေမင်း |
(နိုင်ငံရေးပါတီ) |
|
||
(ဂ ) |
စီးပွားရေး ကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ |
|
||||
|
(၁) |
ဦးလှမောင်ရွှေ |
(ငြိမ်းချမ်းရေးကော်မရှင်) |
|
||
|
(၂) |
ဒေါ်စောမြရာဇာလင်း |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၃) |
မင်းကျော်ဇေယျာဦး |
(နိုင်ငံရေးပါတီ) |
|
||
|
(၄) |
ဗိုလ်မှူးချုပ် သိုက်စိုး |
(တပ်မတော်) |
|
||
|
(၅) |
မိကွန်ချမ်း |
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) |
|
||
|
(၆) |
ဦးဗရတ်ဆင်း |
(ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတရုံး) |
|
||
|
(၇) |
ဦးအောင်နိုင်ဦး |
(ညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန) |
|
||
|
(၈) |
ဆလိုင်းထလာဟေး |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၉) |
ပဒိုစောတာဒိုမူး |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၁၀) |
စိုင်းလျန်း |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၁၁) |
ခွန်တင်ရွှေဦး |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၁၂) |
ဦးထွန်းနိုင် |
(နိုင်ငံရေးပါတီ) |
|
||
|
(၁၃) |
ဦးသိန်းထွန်း |
(နိုင်ငံရေးပါတီ) |
|
||
|
(၁၄) |
ဦးမားကို့စ် |
(နိုင်ငံရေးပါတီ) |
|
||
|
(၁၅) |
ဦးသာထွန်းလှ |
(နိုင်ငံရေးပါတီ) |
|
||
(ဃ) |
လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ |
|
||||
|
(၁) |
ဗိုလ်ချုပ် စိုးနိုင်ဦး |
(တပ်မတော်) |
|
||
|
(၂) |
ဦးမျိုးဝင်း |
(တိုင်းရင်းသားလက်နက်ကိုင်) |
|
||
|
(၃) |
ဦးတာလှဖေ |
(နိုင်ငံရေးပါတီ) |
|||
|
(၄) |
ဗိုလ်ချုပ်တင်မောင်ဝင်း |
(တပ်မတော်) |
|||
|
(၅) |
ဗိုလ်မှူးချုပ် စိန်ထွန်းလှ |
(တပ်မတော်) |
|||
|
(၆) |
ဦးအင်ထုံးခါးနော်ဆမ် |
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) |
|||
|
(၇) |
ဒေါက်တာချောချောစိန် |
(ပါမောက္ခ၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ ရန်ကုန် တက္ကသိုလ်) |
|||
|
(၈) |
စဝ်ဘောင်ခေး |
(တိုင်းရင်းသားလက်နက်ကိုင်) |
|||
|
(၉) |
ပဒိုစောအောင်ဝင်းရွှေ |
(တိုင်းရင်းသားလက်နက်ကိုင်) |
|||
|
(၁၀) |
ပူးထက်နီ |
(တိုင်းရင်းသားလက်နက်ကိုင်) |
|||
|
(၁၁) |
ဦးခိုင်ထွန်းဝင်း |
(တိုင်းရင်းသားလက်နက်ကိုင်) |
|||
|
(၁၂) |
ဒေါက်တာအောင်မြတ်ဦး |
(နိုင်ငံရေးပါတီ) |
|||
|
(၁၃) |
ဦးစောထွန်းအောင်မြင့် |
(နိုင်ငံရေးပါတီ) |
|||
|
(၁၄) |
ဦးမြင့်နိုင် |
(နိုင်ငံရေးပါတီ) |
|||
|
(၁၅) |
ဒေါ်နန်းခင်စိန်မြင့် |
(နိုင်ငံရေးပါတီ) |
|||
(င ) |
မြေယာနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ |
|||||
|
(၁) |
ဦးအောင်စိုး |
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) |
|||
|
(၂) |
ခွန်မြင့်ထွန်း |
(တိုင်းရင်းသားလက်နက်ကိုင်) |
|||
|
(၃) |
ဦးမြင့်စိုး |
(နိုင်ငံရေးပါတီ) |
|||
|
(၄) |
ဗိုလ်မှူးချုပ်အောင်သိန်းဦး |
(တပ်မတော်) |
|||
|
(၅) |
ဦးစိုးဝင်း |
(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) |
|||
|
(၆) |
ဦးဇော်မင်းလတ် |
(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) |
|||
|
(၇) |
ဒေါက်တာဝါဝါမောင် |
(ညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန) |
|||
|
(၈) |
ဦးဆန်နီ |
(တိုင်းရင်းသားလက်နက်ကိုင်) |
|||
|
(၉) |
စောဒဲနယ်လ် |
(တိုင်းရင်းသားလက်နက်ကိုင်) |
|||
|
(၁၀) |
စောလေ့စေး |
(တိုင်းရင်းသားလက်နက်ကိုင်) |
|||
|
(၁၁) |
စိုင်းစိုင်းငင်း |
(တိုင်းရင်းသားလက်နက်ကိုင်) |
|||
|
(၁၂) |
ဒေါ်ဒွဲဘူ |
(နိုင်ငံရေးပါတီ) |
|||
|
(၁၃) |
ဦးလှခိုင် |
(နိုင်ငံရေးပါတီ) |
|||
|
(၁၄) |
ခွန်ထွန်းရွှေ |
(နိုင်ငံရေးပါတီ) |
|||
|
(၁၅) |
ဦးအိုက်ဆော |
(နိုင်ငံရေးပါတီ) |
|||
၄။ အထက်ဖော်ပြပါ လုပ်ငန်းကော်မတီများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) |
လုပ်ငန်းကော်မတီများသည် မိမိတို့အား တာဝန်ပေးအပ်ထားသည့် အကြောင်းအရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုချက်နှင့် အဆိုပြုချက်များကို ရေးဆွဲပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့သို့ ပေးပို့ ရမည်။ |
(ခ ) |
လုပ်ငန်းကော်မတီများသည် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ တင်ပြလာ သော အကြံပြုချက်နှင့်အဆိုပြုချက်များအား အကျေအလည်စေ့စပ်ညှိနှိုင်းဆွေးနွေးပြီး ရွေးချယ်ရန် နည်းလမ်း ၃ ခုထက် မပိုသော မူဝါဒ အဆိုပြုလွှာများကို စိစစ်ရွေးချယ် ပြုစုပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့သို့ ပေးပို့ရမည်။ |
(ဂ ) |
လုပ်ငန်းကော်မတီများ တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား လိုအပ်လျှင် ပူးပေါင်းဆောင်ရွက်မှုများ ကို ပြုလုပ်နိုင်သည်။ |
(ဃ) |
လုပ်ငန်းကော်မတီတစ်ခုအတွင်း (သို့မဟုတ်) ကော်မတီများအကြား မဖြေရှင်းနိုင်သည့် သဘောထားကွဲလွဲမှုများ ရှိလာပါက ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ အတွင်းရေးမှူးမှ တစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီသို့တင်ပြ၍ ဆုံးဖြတ်ချက်ရယူရမည်။ |
(င ) |
လုပ်ငန်းကော်မတီများသည် မိမိတို့၏ သက်ဆိုင်ရာ အကြောင်းအရာအလိုက် လုပ်ငန်း ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေးသဘောတူစာချုပ်နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ပြဋ္ဌာန်းထား သည့် ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။ |
(စ ) |
လုပ်ငန်းကော်မတီများသည် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးရမည့် အကြောင်းအရာ အလိုက် အစည်းအဝေးများကို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်၏ ရည်ရွယ်ချက် အခြေခံမူများနှင့်အညီ ဆောင်ရွက်ရမည်။ |
(ဆ) |
လုပ်ငန်းကော်မတီများသည် မိမိတို့နှင့်သက်ဆိုင်သည့် အကြောင်းအရာများနှင့် စပ်လျဉ်းပြီး ဆွေးနွေးညှိနှိုင်းမှုများကို လုပ်ငန်းကော်မတီအဆင့်တွင် အကျေအလည် ဆွေးနွေးအဖြေ ရှာသွားရမည်။ လိုအပ်ပါက သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင် သည့် တာဝန်ရှိပုဂ္ဂိုလ်များအား လည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်း အရာများကို သိရှိနားလည်သည်ဟု ယူဆရသည့် အသိပညာရှင်၊ အတတ်ပညာရှင်နှင့် ကျွမ်းကျင်သူများအား လည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေးသွားနိုင်သည်။ |
(ဇ ) |
လုပ်ငန်းကော်မတီများသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီက အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ရမည်။ |
(ဈ) |
လုပ်ငန်းကော်မတီများသည် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ အတည်ပြုချက်ဖြင့် လိုအပ်သော ဆပ်ကော်မတီများကို ဖွဲ့စည်း၍ ကြီးကြပ်လမ်းညွှန်မှု ပေးရမည်။ |
(ည) |
လုပ်ငန်းကော်မတီ အစည်းအဝေးများတွင် ဆွေးနွေးသော ဆွေးနွေးချက်များနှင့် အစည်းအဝေးမှတ်တမ်းများကို သတင်းထုတ်ပြန်ရန် ခွင့်ပြုချက်မရရှိဘဲ မည်သူ့ကိုမျှ ပြောကြားခြင်းမပြုရန် ကော်မတီဝင်များမှ ထိန်းသိမ်းရမည်။ |
(ဋ ) |
လုပ်ငန်းကော်မတီများသည် ဆွေးနွေးချက်အားလုံးကို အသေးစိတ် မှတ်တမ်းတင် အတည်ပြုထားရမည်။ |
(ဌ ) |
သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၏ လုပ်ငန်းအစီရင်ခံစာကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီသို့ တင်သွင်းရမည်။ |
၅။ လုပ်ငန်းကော်မတီများ၏ သက်တမ်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ ကျင်းပသည့် သက်တမ်းအတိုင်းဖြစ်ပြီး လုပ်ငန်းကော်မတီဝင်များအား အစားထိုးလိုပါက သက်ဆိုင်ရာ ကိုယ်စားပြုအစုအဖွဲ့က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ၏ အတည်ပြုချက်ဖြင့် အစားထိုးနိုင်သည်။
၆။ လုပ်ငန်းကော်မတီဝင်များသည် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အတွက် တာဝန်အရ သွားလာရသည့် ခရီးစရိတ်၊ ချီးမြှင့်ငွေနှင့် လိုအပ်သည့် ထောက်ပံ့မှုများကို သတ်မှတ်ထား သည့် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒများနှင့်အညီ ခံစားခွင့်ရှိသည်။
(ပုံ) အောင်ဆန်းစုကြည်
ဥက္ကဋ္ဌ
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ