ချင်းပြည်နယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ
ကြေညာချက်အမှတ်၊ ၃/၂၀၁၇
၁၃၇၈ ခုနှစ်၊ တပိုတွဲလပြည့်ကျော် ၉ ရက်
(၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်)
ချင်းပြည်နယ်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း
၁။ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ပါ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဝါဒများ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့်အညီ လူမျိုးကိုအခြေခံသည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ချင်းပြည်နယ်တွင် ကျင်းပနိုင်ရေးအတွက် “ချင်းပြည်နယ် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီ”ကို အောက်ပါအတိုင်းဖွဲ့စည်းလိုက်ပါသည်-
(က) ဒေါက်တာလှအောင် (အစိုးရ)
( ခ) ဗိုလ်မှူးကြီးသန်းနိုင် (တပ်မတော်)
( ဂ) ဒေါ်နီရွှေလျန်း (လွှတ်တော်)
(ဃ) ဆလိုင်းထလာဟေး (တိုင်းရင်းသားလက်နက်ကိုင်)
( င) ဆလိုင်းထက်နီ (တိုင်းရင်းသားလက်နက်ကိုင်)
( စ) ပူးရာနင်း (တိုင်းရင်းသားလက်နက်ကိုင်)
(ဆ) ဦးဇိုဘွဲ (နိုင်ငံရေးပါတီ)
( ဇ) ဒေါက်တာမှုထန် (နိုင်ငံရေးပါတီ)
( ဈ) ဦးခန့်ဘွန်း (နိုင်ငံရေးပါတီ)
၂။ ယင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီးကြပ်မှုကော်မတီသည် နိုင်ငံရေးဆွေးနွေးမှု မူဘောင်ပါ ဤပူးတွဲကော်မတီက အတည်ပြုထားပြီးဖြစ်သော ပြဌာန်းချက်များ၊ သက်ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များနှင့်အညီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ များ အောင်မြင်စေရေး၊ စနစ်တကျရှိစေရေး၊ လုပ်ငန်း လမ်းညွှန်များနှင့်ညီညွတ်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားရန်ဖြစ်ပါသည်။
အောင်ဆန်းစုကြည်
ဥက္ကဌ
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ